Where to learn CSS

CSS ကိုကြေညက်အောင် လေ့လာထားရင် CSS library တွေ Framework တွေကို မသုံးဘဲလည်း ရေးလို့အဆင်ပြေသလို သုံးရမယ်ဆိုရင်လည်း ပိုမိုလွယ်ကူစေပါတယ် ဘာကြောင့်လဲဆိုတော့ CSS က လုံးဝ အခြေခံ building block တစ်ခု ဖြစ်နေလို့ပါ။ ICT and AI ခေတ်ကြီးမှာ လေ့လာစရာ resource တွေကတော့ အများကြီးရှိပါတယ်။ အဲ့ဒီအများကြီးထဲကမှ အချိန်တိုတိုနဲ့ ပြည့်ပြည့်စုံစုံ ရိုးရိုးရှင်းရှင်းလေ့လာလို့ရတဲ့ website အချို့ကို ဖော်ပြပေးချင်ပါတယ်။ Web.dev/learn/cssarrow-up-right Web.dev/learn/designarrow-up-right အဓိကကတော့ web.dev ဆိုတာက HTML, CSS, JavaScript နည်းပညာတွေကို လုံးဝ Drive လုပ်နေတဲ့ developer တွေဆီကနေ ပြန်ပြီးတော့ လေ့လာချင်တယ်ဆိုရင် အကောင်းဆုံးနေရာတစ်ခုလို့ပြောရမှာပါ။ နောက်ထပ် CSS feature အသစ်တွေ tips and tricks တွေကို လေ့လာဖို့အတွက်ဆိုရင် အောက်ကကောင်တွေကအကောင်းဆုံးပါပဲ။

အခုမှ web development ကိုစလေ့လာမယ့်သူတွေအတွက်ကတော့ စာတွေဖတ်ရတာ ပျင်းဖို့ကောင်းနေမှာပါ

ဒါကြောင့် MDN နဲ့ Scrimba တို့ကလုပ်ပေးထားတဲ့ curriculum အသစ်ကနေ စပြီးတော့ လေ့လာပါလို့ပြောချင်ပါတယ်

အသစ်အသစ်တွေ အကောင်းဆုံး အလေ့အကျင့်တွေကို အမြဲ sharing လုပ်တဲ့သူတွေအများကြီးရှိပေမယ့်

ကျွန်တော်အကြိုက်ဆုံး content creator တွေကိုပြောပြပေးပါမယ်။

Last updated