Disability Awareness
Accessibility needs all of us. Be part of the community.
Accessibility ဆိုတာ အဓိပ္ပါယ်ကောက်ရင်တော့ လက်လှမ်းမီနိုင်မှု လို့ပြောရမယ်။
Accessibility အကြောင်းကိုမပြောခင် ဘာကိုအရင်ပြောမှရမလဲဆိုတော့ Disability အကြောင်းကိုအရင် ပြောမှရလိမ့်မယ်။ အဲ့ဒီလိုမပြောထားရင် Accessibility ဆိုတာ မသန်စွမ်းတွေအတွက်ပဲ သူတို့အတွက်တော့ အဆင်မပြေလည်းရပါတယ်လို့ လူတော်တော်များများထင်မြင်တတ်ကြတယ်။ မသန်စွမ်းတွေကို target မလုပ်ရင် ထည့်စဉ်းစားစရာမလိုဘူးလို့ လွဲမှားတဲ့အယူအဆ ရှိတတ်ကြတယ်။
Disability
တိုက်ရိုက်အဓိပ္ပါယ်ကတော့ မသန်စွမ်းမှုပေါ့။ disability လို့ပြောရင်လူတွေက ကိုယ်နဲ့မဆိုင်ဘူးလို့ထင်လေ့ရှိကြတယ်။ ဒါကလည်း နိုင်ငံရဲ့လက်ရှိအနေအထားနဲ့လည်း ဆိုင်တာလည်း ပါတာပေါ့။ Disability ဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်လို့ပြောရမယ်။ Disability အမျိုးအစား (၃) မျိုးကို သိထားရင် ပိုသဘောပေါက်လိမ့်မယ်။
Permanent (အမြဲတမ်း)
Temporary (ယာယီ)
Situational (အခြေနေအရ)
ဒီသုံးမျိုးအရ လူတစ်ဦးဟာ အရင်တုန်းက မသန်းစွမ်းအဖြစ်နေခဲ့ရတာမျိုး၊ လက်ရှိဖြစ်နေတာမျိုး၊ အနာဂါတ်မှာဖြစ်လာနိုင်တာမျိုးတွေရှိတယ်။
ဥပမာ အရင်က မျက်စိမွဲပေမယ့် အခုတော့ပြန်ကောင်းသွားတာမျိုး။
အရင်ကကောင်းပေမယ့်အခုတော့မွဲတာမျိုး။
မျိုးရိုးအရ အသက်အရွယ်အပိုင်းအခြားဘယ်နှစ်ကိုရောက်ရင် အမြင်အာရုံပျောက်ကွယ်တယ်ဆိုတာမျိုး။ ဟိုတလောကတော့ video တစ်ပုဒ်ကြည့်လိုက်ရတယ် မိဘတွေက ကလေးတွေမှာအဲ့လို အမြင်အာရုံကွယ်တဲ့ရောဂါ မျိုးရိုးပါလာလို့ သူတို့တွေအမြင်မကွယ်ခင် ကမ္ဘာပတ်ပြီး အကုန်မြင်ဖူးအောင်လိုက်ပြပေးတာမျိုးလုပ်တယ်ပေါ့။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ စစ်တမ်းအရဆိုရင် ကမ္ဘာ့လူဦးရေ 1.3 ဘီလီယံ (ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ 16%) ဟာ Disability ရှိတဲ့သူတွေဆိုတာကိုတွေ့ရတယ်။
အမြဲတမ်း disabled ဖြစ်နေတဲ့သူပါမယ်။ ဥပမာ မွေးရာပါဖြစ်ချင်ဖြစ်မယ်၊ မိုင်းနင်းမိလို့ ခြေပြတ်လက်ပြတ်ဖြစ်ချင်ဖြစ်မယ်။ ခြေကျိုးလက်ကျိုးတာမျိုး ပတ်တီးစီးထားရတာမျိုးဖြစ်ချင်ဖြစ်မယ်။ တိုင်းပြည်အခြေအနေအရ ကြုံတွေ့ခံစားနေရသူတွေဖြစ်ချင်ဖြစ်မယ်။
Disabled လို့ပြောရင် မြင်သာထင်သာရှိတဲ့ ခြေပြတ်လက်ပြတ်တာ၊ အမြင်အာရုံကွယ်တာ၊ အကြားအာရုံကွယ်တာမျိုးတွေကိုပဲမြင်တတ်ကြတယ်။
Person with disability မသန်စွမ်းဖြစ်တဲ့သူဆိုတာကို ဥပဒေနဲ့တကွ ဘယ်လိုလူအမျိုးအစားဆိုရင် မသန်စွမ်းဖြစ်တယ်ဆိုတာမျိုးကို သတ်မှတ်ပေးရတယ်။ အဲ့သည်လို သတ်မှတ်ပြီးရင်လည်း သူတို့ကိုကာကွယ်ပေးတဲ့ ဥပဒေတွေကိုလည်း ပြဌာန်းပေးရတယ်။
ဥပမာအနေနဲ့ အမေရိကန်နိုင်ငံမှာဆိုရင် Americans with Disabilities Act ဆိုတာရှိတယ်၊ ဩစတေးလျနိုင်ငံမှာဆိုရင် Disability Discrimination Act ဆိုတဲ့ ဥပဒေကို သမိုင်းအဆက်ဆက်ပြုပြင်မွန်းမံပြီးတော့ မသန်းစွမ်းတွေကိုကာကွယ်ဖို့ အခွင့်အရေးတွေကို မဆုံးရှုံးစေဖို့ စသည်ဖြင့် ပြဌာန်းထားတယ်၊ ဥပဒေဆိုတာကလည်း တစ်နိုင်ငံတည်းမှာတောင် နယ်မြေအပိုင်းအခြားအလိုက် မတူတာတွေရှိတတ်ကြတယ်။
ခန္ဓာကိုယ် (သို့) စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေဟာ လုံးဝ (သို့) တစ်စိတ်တစ်ပိုင်းချို့ယွင်းရင်
ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးရင်
ရောဂါခံစားရနေရတဲ့ အင်္ဂါအစိတ်အပိုင်းရှိနေရင်
ကိုယ်ခန္ဓာအစိတ်အပိုင်း မှားယွင်းဖွဲ့စည်မှုဖြစ်ရင်
လေ့လာသင်ယူဖို့ခက်ခဲသူ၊ ဦးနှောက်ဆိုင်ရာ မှတ်ဉာဏ်ချို့ယွင်းမှု၊ ဉာဏ်ရည်ချို့တဲ့မှုဖြစ်ရင်
အဲ့ဒီလူပုဂ္ဂိုလ်ကို မသန်စွမ်းအဖြစ် သတ်မှတ်တယ်ဆိုတာမျိုး ဥပဒေနဲ့အတိအလင်းပြဌာန်းပေးတယ်။
Disablity ကို Model အမျိုးအစားတွေခွဲပြီး မြင်တဲ့အမြင်တွေကွဲကြတယ်။
Moral Model
Charity Model
Medical Model
Social Model
Moral model ဆိုတာကဘာလဲဆိုတော့ ဘာသာရေးအမြင်တွေနဲ့ကြည့်တာမျိုး ဥပမာ အရင်ဘဝက မကောင်းတာလုပ်ခဲ့လို့ ဒီဘဝဝဋ်လိုက်တယ်ဆိုတာမျိုး။
Charity model ဆိုတာကျတော့ မသန်စွမ်းတွေကို သနားစရာတွေလို့မြင်တာကိုပြောတာ
Medical model ကကျတော့ ဆေးပညာနဲ့ ကုသလို့ရမယ်၊ ဖြေရှင်းလို့ရမယ်ပေါ့၊ ဥပမာ မျက်လုံးတိမ်စွဲရင် လေဆာနဲ့ခွဲပြီးကုရင်ပျောက်မယ်ပေါ့
Social model ကကျတော့ မသန်စွမ်းမှုဆိုတာ လူ့တစ်စိတ်တစ်ပိုင်းပဲရှိတာ ဒါကြောင့် လူ့အခွင့်အရေးကို သူယူနိုင်တဲ့နည်းနဲ့ ပေးလို့ရရမယ်ဆိုတာမျိုး မသန်စွမ်းသူတွေအတွက် အတားအဆီးတွေကို လူ့အသိုင်းဝန်းတစ်ရပ်လုံးက ပါဝင်ဖယ်ရှားပေးကြဖို့ပေါ့၊ ဘာကြောင့်လဲဆိုတော့ Disabled ဆိုတာ လူတိုင်းအချိန်မရွေးဖြစ်နိုင်တဲ့အရာမလို့ပေါ့။
ဆိုတော့ မသန်စွမ်းမှုကြုံတွေ့နေရသူကို လေးစားရမယ်၊ အပြောဆိုအသုံးအနှုန်းဆိုရင်လည်း သူတို့မကြိုက်တာကိုရှောင်ရမယ်။ လူလူချင်းအတူတူပဲဆိုတာမျိုးတွေးပေးရမယ်၊ ဆိုလိုတာက သနားတယ်ဘာညာတွေသွားမလုပ်ရဘူး။ မသန်စွမ်းဖြစ်တယ်ဆိုတာ အစိတ်ပိုင်းတစ်ခုအဖြစ်ပဲရှိတာ သူတို့က သူတို့ဖြစ်တည်မှုကိုလက်ခံကြတယ်။ ဒါကိုလေးစားရမယ်လို့ဆိုလိုတာ။ ညီတူညီမျှဖြစ်ရမယ်။ ညီတူညီမျှဖြစ်တယ်ဆိုတာ လူတိုင်းကိုအတူတူဆက်ဆံရမယ်လို့ပြောတာမဟုတ်ဘူး ညီတူညီမျှအခွင့်အရေးပေးရမယ်လို့ဆိုလိုတာ။ Stereotype မဖြစ်စေနဲ့။ ဆိုလိုတာက တစ်ဖတ်ပိတ် အယူမသည်းနဲ့ပေါ့။ မသန်စွမ်းရှိတဲ့သူက သူ့မှာဘာဖြစ်နေပါတယ်ဆိုတာ သူပြောချင်မှသူပြောမယ်။ သူပြောပြဖို့လိုတယ်ထင်မှ သူပြောပြလိမ့်မယ်။ အဲ့တာကိုလေးစားရမယ်။
Model တွေကတော့ တခြားကျန်တာတွေလည်းရှိသေးတယ်။
ဒါတွေသိထားရုံပဲလားဆိုတော့ ကျန်အုံးမယ်။
သူတို့အတွက် တန်းတူပညာရေးရှိရမယ်။
တန်းတူ အလုပ်အကိုင်အခွင့်အလမ်းတွေရှိရမယ်။
တန်းတူ သုံးစွဲနိုင်ခွင့်ဆိုတာရှိရမယ်၊ ဥပမာ သွားလာရေးအဆင်ပြေမှုတွေ သတင်းအချက်အလက်ရရှိနိုင်မှုတွေပေါ့။
ဥပဒေကလည်း တန်းတူ ကာကွယ်ပေးနိုင်ရမယ်။
အဲ့ဒီလိုဖြစ်ဖို့ဆိုရင် ကျွန်တော်တို့က အားလုံးပါဝင်နိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဝိုင်းဝန်းဖန်တီးကြဖို့လိုအပ်တယ်။ ဒီလောက်ဆိုရင် Disability အကြောင်းက အခြေခံအနေနဲ့နားလည်ပြီထင်ပါတယ်။
Last updated